ABC

Information Technology

ABC Information Technology

Car Tracker

 
 
 
 
 
 
 
 
 
 
 
 
 
နောက်ဆုံးပေါ်နည်းပညာ
ABC Tracking Platform သည် ဈေးကွက်ထဲရှိ သက်တန်းရင့် platform များကဲ့သို့ သမရိုးကျ Server များ၊ Software language များကို အသုံးပြုခြင်းမရှိဘဲ နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြုထားသော Cloud Based platform တစ်ခု ဖြစ်သောကြောင့် သာမန်ထက်ပိုမိုလျင်မြန်သွက်လက်သော Web application, အခြားမည်သည့်နေရာတွင်မျှမရရှိနိုင်သော စွမ်းဆောင်ရည် များကိုပါ ရရှိစေနိုင်မည်ဖြစ်ပါသည်။
 
ပြည်တွင်းဖြစ်ကိုယ်ပိုင်စနစ်
 မြေပုံ  စက်ပစ္စည်းများမှအစ platform အထိ နည်းပညာအားလုံးပြည်တွင်းဖြစ်ကိုယ်ပိုင်ဒီဇိုင်းဖြစ်သောကြောင့်ကိစ္စတစ်စုံတစ်ရာ ရှိပါက အချိန်နှင့်တပြေးညီဖြေရှင်းနိုင်ခြင်း၊ လုပ်ဆောင်ချက်အသစ်များကို ပြည်တွင်းဈေးကွက်လိုအပ်ချက်အလိုက်ဆက်လက်  ထည့်နိုင်ခြင်း၊ နိုင်ငံခြားမှတစ်ဆင့်ဝယ်ယူရောင်းချခြင်း မဟုတ်သောကြောင့်ရေရှည်တိုက်ရိုက်ဆက်ဆံနိုင်သော ပြည်တွင်းလုပ်ငန်းဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများရှိပါသည်
 
 
အခြေခံစွမ်းဆောင်ရည်များ
 Tracking unit များ၏ လက်ရှိရောက်ရှိနေသော နေရာကို live ကြည့်ခြင်း၊ နေ့စဉ်သွားလာခဲ့သော history များကို သုံးလမှခြောက်လအထိ ပြန်လည်ကြည့်ရှုနိုင်ခြင်း၊ playback လုပ်နိုင်ခြင်းတို့ပါဝင်ပါသည်။
 
Viber / Email / App
အချိန်မတော်စက်နှိုးခြင်း၊ မသွားရမည့်နေရာများကိုသွားခြင်း၊ သွားစေလိုသောနေရာများသို့ရောက်ရှိခြင်း၊ အရှိန်လွန်မောင်းနှင်ခြင်း၊ တို့မှအစ အင်ဂျင်ဝိုင်လဲရန်အချိန်၊ ဂီယာဝိုင်လဲရန်အချိန် စသည့်တို့ကို သတ်မှတ်ထားနိုင်ပြီး လိုအပ်ပါက viber / email / app စသည့် တို့မှတစ်ဆင့် အလိုလျောက်အကြောင်းကြားပေပါသည်။ 
 
Web ဒါမှမဟုတ် App
Website မဟုတ်သော Web Application စနစ်ဖြင့် သင်၏ browser မှတစ်ဆင့် ဆော့ဖ်ဝဲတစ်ခု သုံးရသလိုအတိုင်း ကားများကို စီမံခန့်ခွဲနိုင်သောစနစ်ပါဝင်ပါသည်။ ထို့အပြင် mobile app ဖြင့်ဖုန်းမှလှမ်း၍ စစ်ဆေးကြည့်ရှုနိုင်ပါသည်။
 
SMS GATEWAY
မြန်မာနိုင်ငံမှာသုံးဖို့စီစဉ်ထားတာဖြစ်တာကြောင့် Prepaid sim card တွေကိုဖုန်းဘေစစ်နိုင်အောင် sms gateway လဲပါပါတယ်။ ဖုန်းဘေတင်မက internet package တွေပါလှမ်းဝယ်ထည့်ထားလို့ရပါသေးတယ်။
 
IMMOBILIZER
ကားခိုးခံရချိန် ၊ မသွားစေချင်တဲ့နေရာကိုသွားရေချိန်များတွင် ၊ ကားစက်လှမ်းသတ်လိုက်လို့ရတဲ့စနစ်ပါပါတယ်။ ရုတ်တရက်စက်သတ်လိုက်ရင်အန္တရာယ်ရှိလို့ ချက်ချင်းမသတ်ဘဲ ကားအရှိန်လျော့သွားမှ စက်သေသွားမှာပါ။
 
DUAL ANTENNA
 စက်သေးသေးလဲထဲမှာ GPS Antenna အကြီးစားရော၊ GSM Antenna သပ်သပ်ကိုပါ ရအောင်ထည့်ပေးထားလို့ကားကလမ်းဘေးရောက်နေတာမျိုး၊ ဖုန်းလိုင်းမမိလို့ ကားခဏခဏပျောက်တာမျိုးမဖြစ်နိုင်ပါ။
 
DURABLE
9V ကနေ 90V အထိအလုပ်လုပ်နိုင်တဲ့စနစ်ကြောင့် ဆိုင်ကယ်၊ ကား မှအစ မီးရထားစက်ခေါင်းအထိ တပ်ဆင်အသုံးပြုလို့ရတဲ့အပြင် ရှော့ရိုက်တာတို့၊ ဗို့အများကြီးပေးပြီး ပျက်စီးစေတာတို့ကို ခံနိုင်ပါတယ်၊ စက်ရဲ့ မီးကြိုးကိုဖြတ်လိုက်ရင်တောင် battery
 နဲ့ နောက်ထက် ၁- ၂ရက် ဆက်အလုပ်လုပ်ပါတယ်။
 
DATA
Internet Data ဖိုးမကုန်စေဖို့ ကားစက်သတ်လိုက်တာနဲ့ အလိုလျောက်စက်ကိုလိုက်ပိတ်ပေးပါတယ်။ ဒါပေမယ့် motion sensor ကတော့အမြဲပွင့်နေပြီး ကားနဲနဲလေးလှုပ်လိုက်မယ်ဆိုရင်တောင် ချက်ချင်းပြန်ပွင့်နိုင်ပါတယ်။